မာတိကာသို့ ခုန်သွားရန်

ခင်မောင် (ဗိုလ် သံမဏိ)

ဝီကီပီးဒီးယား မှ
ဝန်ကြီး သံမဏိ ဗိုလ်ခင်မောင်၊ အထွေထွေအတွင်းရေးမှူးချုပ် မြို့မ-ဦးသန်းကြွယ်နှင့် အမည်မသိ အခမ်းအနားမှူးတို့ နိုင်ငံတော်စီးပွားကုန်သွယ်ရေးအဖွဲ့ချုပ် (စပကသ) လူထုညီလာခံကို ဦးဆောင်ကျင်းပနေစဉ်

သံမဏိ ဗိုလ်ခင်မောင် သည် မင်္ဂလာဒုံ ပထမပတ် စစ်သင်တန်းသို့ ဗိုလ်လောင်းအဖြစ် တက်ခွင့်ရခဲ့ပြီး အလုပ်သင် ဗိုလ်ဖြစ်လာခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ဗိုလ်မင်းခေါင်၊ သခင်လှမောင် (ဗိုလ်ဇေယျ) (ရဲဘော်သုံးကျိပ်)ဗိုလ်မှူးစိန်မှန်မြို့မ-ဦးသန်းကြွယ် တို့နှင့် အတူ စွန့်စွန့်စားစား ပါဝင်ဆောင်ရွက်ခဲ့သည်။ စက်မှုလက်မှုဝန်ကြီး အဖြစ် တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ နိုင်ငံတော်စီးပွားကုန်သွယ်ရေးအဖွဲ့ချုပ်တွင် ဝန်ကြီး ဦးကျော်မြင့်ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်မင်းခေါင် (ရဲဘော်သုံးကျိပ်)၊ စပကသအဖွဲ့ချုပ် ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် စသောပုဂ္ဂိုလ်များနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၆-၅၇ စပကသအဖွဲ့ချုပ်တွင် ဒုတိယဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ၊ ဖဆပလဌာနချုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။[]

၁၉၈၉ ခုနှစ် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် သံမဏိဗိုလ်ခင်မောင်၏ဦးဆောင်မှုဖြင့် ADSB ကို ဖွဲ့စည်းခဲ့သည်။[][] ဒီမိုကရေစီ အင်အားများ စည်းလုံးညီညွတ်ရေးတပ်ပေါင်းစု (ဒညတ) (the Alliance for Democratic Solidarity - Union of Myanmar (ADSB)) အဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[]

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှောလမ်း ခြံအမှတ် ၂၀ တွင် နေထိုင်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. နိုင်ငံလုံးဆိုင်ရာ စီးပွားကုန်သွယ်ရေးအဖွဲ့ချုပ် ညီလာခံမှတ်တမ်း။ ၁၉၆၀ ခုနှစ်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. "အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၆)"၊ MoeMaKa Burmese News & Media၊ 20 November 2017။ 19 January 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 January 2019။ 
  3. Khin Nyunt Press Conference Part 1/ (Thu, 03 Jul 1997)။
  4. ALLIANCE FOR DEMOCRATIC SOLIDARITY UNION OF MYANMAR "ADSB Photo Essay"
pFad - Phonifier reborn

Pfad - The Proxy pFad of © 2024 Garber Painting. All rights reserved.

Note: This service is not intended for secure transactions such as banking, social media, email, or purchasing. Use at your own risk. We assume no liability whatsoever for broken pages.


Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy