iPhone အတွက် ကိုင်တွယ်ခြင်းနှင့်ပတ်သက်သည့် အရေးကြီးအချက်အလက်များ
သန့်စင်ခြင်း အညစ်အကြေးဖြစ်စေ သဲမှုန်ဖြစ်စေ၊ မင်၊ မိတ်ကပ်၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ အက်ဆစ်ဖြစ်စေ အက်ဆစ်ပါသော အစားအသောက်ဖြစ်စေ၊ သို့မဟုတ် ကိုယ်လိမ်းဆေးတို့ကဲ့သို့သော အရာများကြောင့် အစွန်းများ သို့မဟုတ် အခြားပျက်စီးမှုတို့ ဖြစ်ပွားလျှင် iPhone ကိုချက်ချင်းသန့်စင်ပါ။ သန့်ရှင်းရန်၊
ကြိုးအားလုံးကိုဖြုတ်ပါ၊ ထို့နောက် iPhone ကိုပိတ်ရန်အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
Face ID ပါဝင်သည့် iPhone တစ်လုံးတွင်၊ ဆလိုက်များပေါ်လာသည်အထိဘေးခလုတ်နှင့်အသံအတိုးအကျယ်ခလုတ်နှစ်ခု အား တစ်ပြိုင်တည်း ဖိ၍နှိပ်ပါ၊ ထို့နောက်ထိပ်ဆုံးဆလိုက်ကိုပွတ်ဆွဲပါ။
Home ခလုတ်ပါဝင်သည့် iPhone တစ်လုံးတွင်၊ ဘေးခလုတ် သို့မဟုတ် Sleep/Wake ခလုတ်ကို (သင်သုံးသည့် မော်ဒယ်ပေါ်မူတည်သည်)ဖိ၍နှိပ်ပါ၊ ထို့နောက်ဆလိုက်ကိုပွတ်ဆွဲပါ။
အမျိုးအစားများအားလုံး၊ Settings > General > Shut Down သို့သွားပါ၊ ထို့နောက်ထိုဆလိုက်ကိုပွတ်ဆွဲပါ။
ဥပမာ မှန်ဘီလူးသုတ်သောအဝတ်စကဲ့သို့သော နူးညံ့၍ အနည်းငယ်စိုစွတ်နေပြီး ချည်စချည်နမထွက်သော အဝတ်စကိုအသုံးပြုပါ။
အပေါက်များတွင် စိုစွတ်မနေစေနှင့်။
သန့်ရှင်းရေးသုံးပစ္စည်းများ သို့မဟုတ် လေဖိသိပ်စက်များကို အသုံးမပြုပါနှင့်။
iPhone တွင် ဆီစိမ့်ခံလက်ဗွေရာဖတ်စက် (ဆီစိမ့်ခံစက်) ပါဝင်သည်။ ၎င်းဆီစိမ့်ခံသည့်အလွှာသည် ပုံမှန်အသုံးပြုမှုအတွက် တာရှည်ခံပါသည်။ သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ကော်ဖတ်ပစ္စည်းများသည် ဆီစိမ့်ခံသည့်အလွှာကို ပါးစေပြီး iPhone ကိုပွန်းရာခြစ်ရာထင်စေနိုင်သည်။
အရည်နှင့် ဖုန်မှုန့်များနှင့် ထိတွေ့ခြင်း iPhone ပေါ်သို့ အရည်များဖိတ်စဉ်လျှင် သို့မဟုတ် ဖှုန်မှုန့်ဝင်လျှင် နူးညံ့၍ ချည်စချည်နမထွက်သော အဝတ်စ (ဥပမာ၊ မှန်ဘီလူးသုတ်အဝတ်စ)ဖြင့် သုတ်ကာ SIM ကတ်ထည့်သည့်ဗန်း မဖြုတ်မီ သင်၏ iPhone သည် ခြောက်သွေ့ပြီး ဖုန်မှုန့်ကင်းစင်နေပါစေ။ iPhone ကို ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ အက်ဆစ် သို့မဟုတ် အက်ဆစ်ပါအစားအသောက်များနှင့် အရည်များ—ဥပမာ၊ ဆားငံရည်၊ ဆပ်ပြာရည်၊ ရေကူးကန်ရေ၊ ရေမွှေး၊ ပိုးမွှားသတ်ဆေး၊ ခန္ဓာကိုယ်လိမ်ဆေး၊ နေပူခံလိမ်းဆေး၊ ဆီ၊ ကော်ချွတ်ဆေး၊ ဆံပင်ဆိုးဆေးနှင့် ပျော်ဝင်ရည်များ— နှင့်ထိတွေ့မှုနည်းပါစေ။ ၎င်းဒြပ်ဝတ္ထုများထဲမှ တစ်ခုခုနှင့် iPhone တို့ထိတွေ့မိသည်ရှိသော် အထက်ဖော်ပြပါ သန့်စင်ခြင်းကဏ္ဍတွင် ဖော်ပြထားသည့် ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
အစွန်းအထင်းခံ၊ ရေစိမ်ခံနှင့် ဖုန်ဝင်ခံနိုင်မှုတို့ကို ပံ့ပိုးပေးထားသည့်အမျိုးအစားများ သည် IEC စံနှုန်း 60529 သတ်မှတ်ချက်အောက်ရှိ IP68 သို့မဟုတ် IP67 နှုန်းထားရှိသော ထိန်းချုပ်ထားသည့် ဓာတ်ခွဲခန်းအခြေအနေများနှင့် စမ်းသပ်ထားသည်။ အစွန်းအထင်းခံ၊ ရေစိမ်ခံနှင့် ဖုန်ဝင်ခံနိုင်အားသည် အမြဲတမ်းအတွက်မဟုတ်သဖြင့် ၎င်းခံနိုင်ရည်အားတို့သည် သာမန်အသုံးခံနိုင်သည့်အခြေအနေထိ ကျဆင်းသွားနိုင်သည်။ အရည်ဝင်ရောက်မှုကြောင့် ပျက်စီးမှုအတွက် အာမခံမှုမရှိပါ။ iPhone 7 နှင့်နောက်ပိုင်းထွက်အမျိုးအစားများ၏ အစွန်းအထင်းခံ၊ ရေစိမ်ခံနှင့် ဖုန်မှုန့်ဝင်ခံနိုင်အားအကြောင်းကို Apple အထောက်အကူပြုဆောင်းပါး တွင်ကြည့်ပါ။ iPhone ပေါ်တွင်အရည်ဝင်ရောက်မှုမရှိစေရန် အောက်ပါတို့ကိုရှောင်ကြဉ်ပါ၊
iPhone နှင့်အတူရေကူးခြင်း သို့မဟုတ် ရေချိုးခြင်း
ရေပန်းနှင့်ချိုးခြင်း၊ ရေလွှာ လျှောစီးခြင်း၊ ရေပြင်ဘုတ်စီးခြင်း၊ ရေလှိုင်းစီးခြင်း၊ ရေပေါ်မော်တော်ဘုတ်စီးခြင်း စသည်တို့ကဲ့သို့သော ရေဖိအားများသော သို့မဟုတ် ရေလျင်အားပြင်းထန်သောအခြေအနေတွင် iPhone ကိုအသုံးပြုခြင်း
ချွေးထုတ်ခန်း သို့မဟုတ် ရေနွေးငွေ့ပေါင်းခံခန်းတို့တွင် iPhone ကိုအသုံးပြုခြင်း
တမင်ကြံရွယ်၍ iPhone နှင့် ရေ အောက်သို့ငုပ်လျှိုးခြင်း။
အကြံပြုထားသည့် အပူချိန်ပြင်းထန်သော သို့မဟုတ် အလွန်အမင်းစိုစွတ်သောအခြေအနေပြင်ပတွင် iPhone ကို အသုံးပြုခြင်း
iPhone ကိုလွှတ်ချခြင်း သို့မဟုတ် အခြားအရာများဖြင့် ၎င်းကိုတိုက်မိခြင်း။
ဝက်အူများဖယ်ရှားခြင်းအပါအဝင် iPhone ကိုဖြုတ်ခြင်း။
သင်၏ iPhone သည် အရည်နှင့်ထိတွေ့သည့်အခါ ချိတ်ဆက်ကြိုးများအားလုံးကို ဖြုတ်ထားပြီး လုံးဝခြောက်သွေ့မှုမရှိမချင်း သင်၏စက်ပစ္စည်းကို အားမသွင်းပါနှင့်။ စိုစွတ်နေချိန် ဆက်စပ်ပစ္စည်းများနှင့် တွဲအသုံးပြုခြင်း သို့မဟုတ် အားသွင်းခြင်းကြောင့် သင်၏ iPhone ပျက်စီးနိုင်သည်။ အားမသွင်းခင် သို့မဟုတ် Lightning ဆက်စပ်ပစ္စည်းနှင့် ချိတ်ဆက်ခြင်းမပြုမီ အနည်းဆုံး 5 နာရီကြာအောင် သည်အတိုင်းထားရှိပါ။
iPhone ခြောက်သွေ့ရန် အရည်လွန်ကဲမှုကို ဖယ်ရှားရန် Lightning ချိတ်ဆက်ကြိုးနှင့် သင်၏လက်တို့ကို ညင်သာစွာထိပါ။ စက်ပစ္စည်းကို လုံလောက်သော လေအဝင်အထွက်ရှိ၍ ခြောက်သွေ့သောနေရာတွင် ထားပါ။ Lightning ချိတ်ဆက်ကြိုးနှင့် တိုက်ရိုက်ချိတ်ထားသော လေအေးလာသော လေပန်ကာရှေ့တွင် စက်ပစ္စည်းကိုထားခြင်းဖြင့် အခြောက်ခံရာတွင် အထောက်အကူရသည်။
ပြင်ပအပူပေးစက်ပစ္စည်းကို အသုံးပြု၍လည်းကောင်း၊ ချည်ဂွမ်းစ သို့မဟုတ် စက္ကူမျက်နှာသုတ်ပဝါတို့ကဲ့သို့သော ပြင်ပစ္စည်းတစ်ခုကို Lightning ချိတ်ဆက်ကြိုးထဲသို့ ထည့်သွင်း၍လည်းကောင်း သင်၏ iPhone ကို အခြောက်မခံပါနှင့်။
ချိတ်ဆက်ကြိုးများ၊ အပေါက်များ သို့မဟုတ် ခလုတ်များကိုအသုံးပြုခြင်း ချိတ်ဆက်ကြိုးခေါင်းကို ထိုးပေါက်ထဲသို့ အတင်းထိုးထည့်ခြင်း သို့မဟုတ် ခလုတ်ကို အားနှင့်ဖိနှိပ်ခြင်းတို့ကြောင့် အာမခံထားခြင်းမရှိသော ပျက်စီးမှုမျိုး ဖြစ်နိုင်သောကြောင့် လုံးဝမပြုလုပ်ပါနှင့်။ ချိတ်ဆက်ကြိုးခေါင်းနှင့် အပေါက်တို့သည် အလွယ်လေးဝင်ရောက်သွားခြင်းမရှိပါက မကိုက်ညီခြင်းကြောင့်ဖြစ်မည်။ ပိတ်ဆို့နေသည့်အရာရှိမရှိ စစ်ဆေးပါ၊ ချိတ်ဆက်ကြိုးခေါင်းနှင့် အပေါက်တို့သည် အံကိုက်ဖြစ်မဖြစ်နှင့် ချိတ်ဆက်ကြိုးခေါင်းကို အပေါက်နှင့်ကိုက်ညီအောင် ပြင်ဆင်ထားခြင်းရှိမရှိ သေချာပါစေ။
USB ကြိုးချိတ်ဆက် Lightning သို့မဟုတ် Lightning ကြိုးနှင့် ချိတ်ဆက်သည့် USB-C ပုံမှန်အသုံးပြုပြီးနောက် Lightning ချိတ်ဆက်ကြိုးအရောင်ပြောင်းလာခြင်းသည် ပုံမှန်ဖြစ်သည်။ အညစ်အကြေး၊ ကျိုးပဲ့ခြင်းတို့အပြင် အစိုဓာတ်နှင့် ထိတွေ့ခြင်းတို့ကြောင့်လည်း အရောင်ပြောင်းနိုင်သည်။ Lightning ကြိုးနှင့် ကြိုးခေါင်းတို့သည် အသုံးပြုနေစဉ် ပူနွေးနေလျှင် သို့မဟုတ်ပါက iPhone အားမဝင်ခြင်း သို့မဟုတ် အံကိုက်ခြင်းမရှိလျှင် သင်၏ကွန်ပျူတာမှ Lightning ကြိုး သို့မဟုတ် အားသွင်းခေါင်းကို ဖြုတ်ယူကာ လျှပ်စီးကြိုးခေါင်းကို နူးညံ့၍ ချည်စချည်နမထွက်သော အဝအခြောက်နှင့် သန့်စင်ပါ။ Lightning ချိတ်ဆက်ကြိုးကို သန့်စင်သည့်အခါ အရည်များ သို့မဟုတ် သန့်ရှင်းရေးသုံးပစ္စည်းများကို အသုံးမပြုပါနှင့်။
ပုံမှန်အသုံးပြုသည့်ပုံစံများကြောင့် ကြိုးဖွာခြင်း သို့မဟုတ် ကြိုးပြတ်ခြင်းများ ဖြစ်နိုင်သည်။ အခြားသတ္တုကြိုးခေါင်းနှင့် ကြိုးတို့ကဲ့သို့သော ဖော်ပြပါကြိုးသည် ချိတ်ဆက်ရာတွင် တစ်နေရာတည်းကို အခါခါ ခေါက်ချိုးခြင်းကြောင့် အားပျော့လာသလို ကြွပ်ဆတ်လာနိုင်သည်။ ကြိုးကို ခေါက်ချိုးပစ်မည့်အစား အသာအယာကွေးကောက်ပါ။ အားသွင်းကြိုးနှင့် ချိတ်ဆက်ကြိုးတို့တွင် တွန့်လိမ်နေခြင်း၊ ပေါက်ပြဲနေခြင်း၊ ခေါက်ရိုးကျိုးနေခြင်း သို့မဟုတ် အခြားအပျက်အစီးရှိမရှိ ပုံမှန်စစ်ဆေးပါ။ ထိုကဲ့သို့သော အပျက်အစီးမျိုးတွေ့ရှိပါက ၎င်းကြိုးကို ဆက်လက်အသုံးမပြုပါနှင့်။
လုပ်ဆောင်နေချိန်အပူချိန် အပူချိန် 32 ဒီဂရီ နှင့် 95° ဒီဂရီဖာရင်ဟိုက် (0 ဒီဂရီနှင့် 35 ဒီဂရီ စင်တီဂရိတ်ကြား) ဝန်းကျင်ကြား iPhone ကို အသုံးပြုနိုင်ရန်အပြင် -4 ဒီဂရီနှင့် 113 ဒီဂရီဖာရင်ဟိုက်ကြား (-20 ဒီဂရီနှင့် 45 ဒီဂရီ စင်တီဂရိတ်ကြား)ထားရှိနိုင်ရန် ထုတ်လုပ်ထားပါသည်။ ၎င်းအပူချိန်အပိုင်းအခြားများ၏ ပြင်ပတွင် ထားသိုပါက သို့မဟုတ် အသုံးပြုပါက iPhone ပျက်စီးနိုင်သလို ဘက်ထရီသက်တမ်းတိုလာနိုင်သည်။ ရုတ်တရက် အပူချိန်အပြောင်းအလဲကြား သို့မဟုတ် လေထုအတွင်းစိုထိုင်းမှုအပြောင်းအလဲကြား iPhone ကိုအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ iPhone ကိုအသုံးပြုနေချိန် သို့မဟုတ် ဘက်ထရီအားသွင်းနေချိန်တွင် iPhone ပူနွေးနေခြင်းသည် ပုံမှန်ဖြစ်သည်။
iPhone ၏အတွင်းပိုင်းအပူချိန်သည် ပုံမှန်အသုံးပြုစဉ်အပူချိန်များထက် လွန်ကဲနေလျှင် (ဥပမာ၊ ပူလောင်နေသည့်ကားထဲတွင် သို့မဟုတ် အချိန်အတိုင်းအတာတစ်ခုကို ကျော်လွန်ကာ နေရောင်နှင့် တိုက်ရိုက်ထိနေသည့်အခါ) ၎င်းအပူချိန်ကိုပုံမှန်ဖြစ်စေရန် ညှိမည်ဖြစ်သည့်အတွက် အောက်ဖော်ပြပါတို့ တွေ့ကြုံနိုင်သည်။
iPhone သည်အားသွင်းခြင်းရပ်တန့်သွားမည်။
ဖန်သားပြင်အလင်းအားမှိန်သွားမည်။
အပူချိန်သတိပေးချက်ဖန်သားပြင် ပေါ်လာမည်။
အချို့အက်ပ်စ်များ ပိတ်သွားမည်။
အရေးကြီးသော အပူချိန်သတိပေးချက်စာမျက်နှာပေါ်လာစဉ် iPhone ကိုအသုံးပြု၍ ရချင်မှရလိမ့်မည်ဖြစ်သည်။ iPhone သည်အတွင်းပိုင်းအပူချိန်မချိန်ညှိနိုင်သည့်အခါ၊ ပြန်လည်အေးသွားသည်ထိ အလိုအလျောက်ခေတ္တပိတ်သွားမည်။ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သည့်နေရာမှ ထွက်၍iPhoneကို ပိုမိုအေးသောနေရာသို့ ရွှေ့ထားပြီး iPhone ကိုထပ်မံအသုံးမပြုခင် မိနစ်အနည်းငယ်စောင့်လိုက်ပါ။
Apple အထောက်အကူပြုဆောင်းပါးရှိ iPhone၊ iPad နှင့် iPod touch လက်ခံနိုင်သော လည်ပတ်နေစဉ်အပူချိန်ပမာဏအတွင်းထားရှိခြင်းကို ကြည့်ပါ။