iOS 13 တွင်ထပ်တိုးလာသည့်အသစ်အဆန်းများ
Dark Mode အသစ်ထပ်တိုးသည့် ရွေးချယ်စရာ Dark Mode သည် iOS အတွေ့အကြုံတစ်ခုလုံးကို အလင်းရောင်နည်းသည့်ပတ်ဝန်းကျင်များအတွက် ပြီးပြည့်စုံစေမည့် အနက်ရောင်အနေအထားတစ်ခု ပေးစွမ်းနိုင်သည်။ Control Center မှ Dark Mode စနစ်ကို လျှင်မြန်စွာဖွင့်ပါ သို့မဟုတ် ညဘက်တွင် အလိုအလျောက်ပွင့်လာစေရန် သတ်မှတ်ပါ။ Dark Mode စနစ်ဖွင့်ထားသည့်အခါ သင်၏စက်ပစ္စည်းမှ အလင်းရောင်သည် သင့်အနီးအနားရှိလူတို့ကို အနှောင့်အယှက်ပေးတော့မည်မဟုတ်ပါ။ iPhone တွင်ဖန်သားပြင်အလင်းအမှောင်နှင့် အရောင်ကို ညှိခြင်း ကိုကြည့်ပါ။
ဓာတ်ပုံများ ဓာတ်ပုံစာကြည့်တိုက်တွင် နေ့ရက်အလိုက်၊ လအလိုက်နှင့် နှစ်သက္ကရာဇ်အလိုက် ရှာဖွေနိုင်သောကြောင့် သင်၏ဓာတ်ပုံများနှင့် ဗီဒီယိုများကို လွယ်လင့်တကူ ရှာဖွေမျှဝေနိုင်သည်။ သင်အထက်အောက်ရွှေ့သည့်အလျောက် Live Photos နှင့် ဗီဒီယိုများပွင့်လာပြီး သင်၏ ဓာတ်ပုံစာကြည့်တိုက်သက်ဝင်လှုပ်ရှားနေမည်။ ပြန်လည်ပြင်ဆင်ခြယ်သနိုင်သည့် ကိရိယာများကြောင့် သင်၏ဓာတ်ပုံများကို အလွယ်တကူပြင်ဆင်ခြယ်သနိုင်ပြီး ပြင်ဆင်ထားသည့် ပြောင်းလဲမှုများကို တစ်ချက်မျှကြည့်နိုင်သည်။ ဓာတ်ပုံများနှင့် ဗီဒီယိုများကိုကြည့်ခြင်း နှင့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ပြင်ဆင်ခြင်း ကို ကြည့်ပါ။
ကင်မရာ အခုဆိုလျှင် Portrait Lighting တွင် စတူဒီယိုအလင်းရောင်ရသတစ်ခုစီ၏ အနက်အရှိုင်းကို စင်စစ် ချိန်ဆ၍ရပြီဖြစ်သည်။ ထောက်ပံ့ပေးထားသည့် အမျိုးအစားများတွင် Portrait Lighting ရသအသစ်တစ်ခုဖြစ်သည့် High-Key Light Mono သည် အဖြူရောင်နောက်ခံတစ်ခုပေါ်တွင် မီးခိုးရောင်အချိုးများသည့် အရာဝတ္ထုတစ်ခုဖြင့် လှပသည့်ပုံရိပ်ကို ဖန်တီးနိုင်သည်။ သင့် iPhone ကင်မရာဖြင့် Portrait နည်းစနစ်ဖြင့် ဓာတ်ပုံများ ရိုက်ကူးခြင်း ကိုကြည့်ပါ။
မြေပုံများ အခြေခံမှစ၍ ပြန်လည်ပြုပြင်မွမ်းမံထားသည့် Maps အင်္ဂါရပ်များအရ လမ်းများ၊ ကမ်းခြေများ၊ ပန်းခြံများနှင့် အဆောက်အအုံများအတွက် ပိုမိုလက်တွေ့ကျပြီး အသေးစိတ်ပါဝင်လာပြီဖြစ်သည်။ Look Around ကိုအသုံးပြု၍ သွားလိုရာမရောက်မီ သင်သွားမည့်နေရာကို ရှာဖွေပါ၊ သင်အနှစ်သက်ဆုံးတည်နေရာများကို တစ်စုတစ်စည်းတည်းထားပါ၊ သင်၏ETA စသည်တို့ကို မျှဝေပါ။ Maps အကြောင်းလေ့လာခြင်း၊ Maps တွင် တည်နေရာများကို တစ်စုတစ်စည်းတည်းထားရှိခြင်း နှင့် သင့် ETA ကိုမျှဝေခြင်း ကို ကြည့်ပါ။
Apple ဖြင့်အကောင့်ဝင်ခြင်း သင်သုံးလက်စရှိသော Apple ID ကိုအသုံးပြု၍ အက်ပ်များနှင့် ဝက်ဘ်ဆိုက်များတွင် လွယ်ကူလျှင်မြန်စွာ ဝင်ရောက်ပါ။ အချက်အလက်များဖြည့်သွင်းခြင်းနှင့် လျှို့ဝှက်နံပါတ်များဖန်တီးခြင်းတို့ မလိုအပ်ပါ။ ဝင်ရောက်လိုသည့် အက်ပ် သို့မဟုတ် ဝက်ဘ်ဆိုက်တစ်ခုပေါ်တွင် Sign in with Apple ခလုတ်ကို နှိပ်လိုက်သည်နှင့် Face ID သို့မဟုတ် Touch ID ကိုအသုံးပြုကာ အပြီးသတ်ဝင်ရောက်နိုင်မည်ဖြစ်သည်။ Apple မှ သင်၏ကိုယ်ရေးအကျဥ်းဖိုင်ကို ခြေရာခံမည်မဟုတ်သလို သင်၏ Apple ID ကို အထောက်အထားနှစ်ရပ်အတည်ပြုချက်ဖြင့် ကာကွယ်ပေးသည်။ Apple ဖြင့်အကောင့်ဝင်ခြင်း ကိုကြည့်ပါ။.
Siri Siri အသံသစ်သည် အထူးသဖြင့် စကားအရှည်ကြီးပြောသည့်အခါ အံ့ဩဖွယ်ကောင်းအောင် သဘာဝဆန်ပါသည်။ Podcasts၊ Safari နှင့် Maps တို့တွင်ရှာဖွေသည့်အခါ Siri မှ သင့်အတွက်သီးသန့် အကြံပြုချက်များပေး၍ Messages များမှ အသိပေးချက်များကို ရှာဖွေနိုင်သည်။ Siri ကိုမေးမြန်းခြင်းကို ကိုကြည့်ပါ။.
Animoji နှင့် Memoji အသစ်ထပ်တိုးလာသည့် Animoji ဇာတ်ကောင်သုံးကောင်သည်—ကြွက်၊ ရေဘဝဲ နှင့် နွားတို့ဖြစ်ကာ—သင်ကိုယ်တိုင်ကိုဖော်ညွှန်းရန် ရွေးချယ်စရာများ ထပ်တိုးထားသည်။ အသစ်တိုးလာသည့် ဆံပင်ပုံ၊ ခေါင်းဆောင်းစရာ၊ မိတ်ကပ်နှင့် အပေါက်ဖောက်ဝတ်ဆင်ရာသည့် တန်ဆာပေါင်း ကုဋေတစ်သန်းတို့ဖြင့် သင်၏ကိုယ်ပိုင် Memoji တစ်ခုဖန်တီးပါ။ သင်၏ Memoji နှင့်Animoji ဇာတ်ကောင်များအပေါ်အခြေခံသည့် စတစ်ကာစုများကို အလိုအလျောက်ထုတ်ပေးသောကြောင့် Messages တွင် စိတ်ခံစားမှုများစွာကို ဖော်ပြနိုင်မည်ဖြစ်သည်။ Messages တွင် Animoji နှင့် Memoji ကိုအသုံးပြုခြင်း ကိုကြည့်ပါ။
မက်ဆေ့ခ်ျများ။ အပြန်အလှန်စကားပြောဆိုမှုတစ်ခုစတင်သည့်အခါ သင်၏နာမည်နှင့် ဓာတ်ပုံကို အလိုအလျောက်မျှဝေပါ။ သင့်ဓာတ်ပုံအတွက် Animoji ၊ ပုံရိပ်တစ်ခု သို့မဟုတ် ပန်းစာလုံးတစ်ခုအသုံးပြုနိုင်သည်။ သင့် Messages ၏အမည်နှင့် ဓာတ်ပုံကို ပြင်ဆင်ခြင်း ကိုကြည့်ပါ။
မက်ဆေ့ချ်များကြေညာခြင်း (iOS 13.2) AirPods Pro၊ AirPods (2nd generation) သို့မဟုတ် အခြားအထောက်အပံ့ပေးနိုင်သည့် နားကြပ်များတပ်ထားသည့်အခါ Siri သည် သင်အဝင်မက်ဆေ့ချ်များကို ဖတ်ပေးနိုင်သကဲ့သို့ ပို့ပြန်ရန်အတွက်လည်း Siri သို့ ပြန်စာတစ်စောင်ပြောပေးနိုင်သည်။ မက်ဆေ့ချ်များနားထောင်ခြင်းနှင့်တုံ့ပြန်ခြင်း ကို ကြည့်ပါ။
ဆက်သွယ်မှုကန့်သတ်ချက်များ သတ်မှတ်ခြင်း (iOS 13.3) တစ်နေ့တာလုံးနှင့် အနားယူချိန်အတွင်း သင့်ကလေး ဆက်သွယ်နိုင်မည့်သူ- ၎င်းတို့နှင့် ဆက်သွယ်နိုင်မည့်သူများကို- ကန့်သတ်ရန်အတွက် Screen Time ကို သုံးပါ။ မိသားစုဝင်တစ်ဦး၏စက်ပစ္စည်းတွင် ဆက်သွယ်မှုကန့်သတ်ချက်များ သတ်မှတ်ခြင်း ကိုကြည့်ပါ။
App Store Apple Arcade သို့စာရင်းသွင်းပါဝင်ပြီး(နိုင်ငံ သို့မဟုတ် ဒေသများအားလုံးတွင်မရရှိနိုင်ပါ) သင့် iPhone ၊ iPad ၊ iPod touch ၊ Mac ၊ နှင့် Apple TV တို့တွင် ဂိမ်းအသစ်များဝင်ရာက်ကစားခွင့်ပေးသည့် ဝန်ဆောင်မှုတစ်ခုကို ရယူပါ။ စာရင်းသွင်းဝင်ရောက်မှုတစ်ခုတည်းဖြင့် App Store မှ မည်သည့် Apple Arcade ဂိမ်းကိုမဆို ကြော်ငြာများ သို့မဟုတ် ထပ်လောင်းဝယ်ယူမှုများမပါဝင်ဘဲ ဒေါင်းလုတ်ရယူကစားနိုင်ပါသည်။ App Store တွင် အက်ပ်များ၊ ဂိမ်းများနှင့် ဖောင့်များကို ရယူခြင်း ကိုကြည့်ပါ။
Apple TV+ Apple Originals ၏ အထူးအစီအစဉ်များကို ကြော်ငြာကင်းကင်းနှင့်တောင်းဆိုချက်အတိုင်း ကြည့်ရန် စာရင်းပေးသွင်း၍ အသစ်များကိုခံစားပါ။ သင့် iPhone၊ iPad၊ iPod touch၊ Mac၊ Apple TV၊ နှင့် အထောက်အကူပြုစမတ် TVs နှင့် ရုပ်သံဖမ်းယူကြည့်ရှုနိုင်သည့် စက်ပစ္စည်းများတွင် Apple TV+ (နိုင်ငံအားလုံးနှင့်ဒေသအားလုံးတွင်မရနိုင်ပါ) Apple TV အက်ပ်တွင် ကြည့်ပါ။ Apple TV အက်ပ်စီမံခြင်း ကို ကြည့်ပါ။
Fonts အခုဆိုလျှင် သင်၏ iPhone၊ iPad နှင့် iPod touch တွင် သင်ဖန်တီးထားသည့်စာဖိုင်များတွင်အသုံးပြုရန် App Store မှ စာလုံးပုံစံသစ်များကို ရရှိနိုင်ပါပြီ။ ဖောင့်များထည့်သွင်းခြင်း ကိုကြည့်ပါ။
စာရိုက်ခလုတ်ခုံ သင်၏လက်ချောင်းကို စာလုံးတစ်လုံးမှာ တစ်လုံးသို့ လျှောဆွဲ၍ စာရိုက်ရန် (ဘာသာစကားတိုင်းအတွက်မရနိုင်ပါ) QuickPath ကိုအသုံးပြုပါ။ သင်ရေးဆွဲသည့် လမ်းကြောင်းကို စာရိုက်ခလုတ်ခုံက မှတ်သားပေးထားပြီး သင့်အတွက် လက်တစ်ဖက်သုံးစာရိုက်စနစ်ကို အလွယ်တကူပြောင်းလဲပေးသည်။ ဖန်သားပြင်ရှိစာရိုက်ခလုတ်ခုံကို အသုံးပြု၍ စာရိုက်ထည့်ခြင်း ကိုကြည့်ပါ။
အသံဖိုင်မျှဝေခြင်း သင်နားထောင်နေသည်ကို AirPods သို့မဟုတ် ချိတ်ဆက်နိုင်သည့် Beats ခေါင်းတပ်နားကြပ်ဖြစ်စေ နားကြပ်ဖြစ်စေအသုံးပြုနေသည့် သူငယ်ချင်းတစ်ယောက်နှင့် မျှဝေပါ။ AirPods နှင့် Beats ခေါင်းတပ်နားကြပ်တို့ဖြင့် အသံဖိုင်မျှဝေခြင်း ကိုကြည့်ပါ။
ကျန်းမာရေး တစ်ကိုယ်ရေသီးသန့်ပိုဆန်သည့် Health အက်ပ်ကြောင့် သင့်အတွက် အရေးအကြီးဆုံးသတင်းအချက်အလက်များ ဝင်ရောက်ကြည့်ရှုရန် ယခင်ကထက် ပိုမိုလွယ်ကူသွားပါပြီ။ အသစ်တိုးလာသည့် Cycle Tracking ရွေးချယ်စရာကြောင့် သင်၏ဓမ္မတာစက်ဝန်းကို ခြေရာခံနိုင်ခြင်း၊ သင့်အတွက်အကျိုးရှိစေမည့် အသိပေးချက်များသတ်မှတ်ခြင်း၊ စသည်တို့ကိုလုပ်ဆောင်နိုင်သည်။ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးသတင်းအချက်အလက် နှင့် သင်၏ ဓမ္မတာစက်ဝန်းကိုခြေရာခံခြင်း တို့ကိုကြည့်ပါ။
သင့် Medical ID သို့ အရေးပေါ်ဝင်ရောက်ခွင့် (iOS 13.5) အကယ်၍ သင်သည် သင့် iPhone သို့မဟုတ် Apple Watch မှတစ်ဆင့် 911 သို့ ဖုန်းခေါ်ဆိုသည့်အခါ သို့မဟုတ် စာသားမက်ဆေ့ချ်ပေးပို့သည့်အခါ သို့မဟုတ် Emergency SOS ကို အသုံးပြုသည့်အခါ သင့် Medical ID ကို အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းများဆီသို့ အလိုအလျောက်ပေးပို့ရန် လုပ်ဆောင်ထားနိုင်သည်။ (U.S သီးသန့်) iPhone ရှိ Health တွင် သင့် Medical ID တစ်ခုဖန်တီး၍ မျှဝေပါ ကိုကြည့်ပါ။
သတိပေးချက်များ အလုံးစုံအသစ်ပြင်ဆင်ထားသည့် Reminders အက်ပ်ကြောင့် အသိပေးချက်များဖန်တီးရန်နှင့် စနစ်တကျစုစည်းထားရန် ယခင်ကထက် ပိုမိုလွယ်ကူသွားပြီဖြစ်သည်။ နေ့ရက်များ၊ အချိန်များ၊ တည်နေရာများ၊ အလံများ၊ ဓာတ်ပုံများနှင့် ပုံရိပ်ဖတ်ထားသည့် စာရွက်စာတမ်းများကို သင်၏အသိပေးချက်များတွင် ထည့်သွင်းရန် အမြန်သုံးကိရိယာဘားကို အသုံးပြုပါ။ သတိပေးချက်များကိုပြင်ဆင်ခြင်း ကိုကြည့်ပါ။
Shortcuts ယခုဆိုလျှင် iOS 13 တွင် Shortcuts အက်ပ်ကို မူလထည့်သွင်းထားပြီး သင်၏အလွယ်သုံးပုံစံများအားလုံးအတွက် နေရာဖြစ်သည်။ သင်၏တစ်နေ့တာ ပြေပြစ်မှုအတွက် အကူအညီရရန် တစ်ကိုယ်ရည်သုံး နေ့စဥ်လှုပ်ရှားမှုအချိန်ဇယားတစ်ခုထည့်သွင်းခြင်းဖြင့် Shortcuts ကိုစတင်အသုံးပြုပါ။ Shortcuts သုံးစွဲသူလမ်းညွှန် ကိုကြည့်ပါ။
HomeKit Secure Video (iOS 13.2) သင့်အိမ် လုံခြုံရေး ကင်မရာများမှ ရိုက်ကူးမှုသည် သက်ဆိုင်သူသာကြည့်ရှုနိုင်ရန် ပြောင်းလဲထားပြီး iCloud တွင် လုံခြုံစွာ သိမ်းဆည်းထားသည်။ ရိုက်ကူးမှုကို သင်နှင့် သင်မျှဝေသော သူများသာ ကြည့်ရှုနိုင်သည်။ အိမ်တွင် လုံခြုံရေးကင်မရာများ စီမံခြင်း ကို ကြည့်ပါ။
CarPlay၊ အလုံးစုံအသစ်ပြင်ဆင်ထားသည့် CarPlay ဒိုင်ခွက်ဘောင်ကြောင့် မြေပုံများ၊ အသံပိုင်းထိန်းချုပ်မှုနှင့် Siri အကြံပြုချက်တို့ကို တစ်နေရာတည်းမှ အသုံးပြုနိုင်ပါသည်။ တစ်နေ့တာကို ကြိုတင်ကြရှုရန် Calendar အက်ပ်တွင် အလွယ်တကူကြည့်၍ လမ်းညွှန်ချက်များအတွက်ဖြစ်စေ အစေအဝေးတစ်ခုပြုလုပ်ရန် ဖုန်းခေါ်ဆိုခြင်းအတွက်ဖြစ်စေ နှိပ်ပါ။ CarPlay နှင့် iPhone မိတ်ဆက်ခြင်း ကိုကြည့်ပါ။
စွမ်းဆောင်ချက် iOS 13 တွင် Face ID သည် သင်၏စက်ပစ္စည်းကို ဖွင့်ပေးရာတွင် 30 ရာခိုင်နှုန်းပိုမိုမြန်ဆန်သွားသည်။ အက်ပ်များဖွင့်ရာတွင် နှစ်ဆပိုမြန်သွားပြီး App Store မှအက်ပ်များသည် 50 ရာခိုင်နှုန်းထိ ပိုမိုသေးသွားစေသည့် ပုံစံသစ်ဖြင့် ပြရုပ်တင်ထားသည်။
သီးသန့်တည်ရှိမှုနှင့်လုံခြုံရေး။ အက်ပ်များဖြင့် သင်မျှဝေသော တည်နေရာအချက်အလက်များကို ထိန်းချုပ်ပါ။ အက်ပ်တစ်ခုအနေဖြင့် သင်၏တည်နေရာကို တစ်ကြိမ် သို့မဟုတ် အချိန်မရွေး ဝင်ရောက်ခွင့်ရရန် ရွေးချယ်နိုင်သည်။ နောက်ကွယ်တွင် သင်၏တည်နေရာကို အသုံးပြုနေသည့် အက်ပ်တစ်ခုနှင့်ပတ်သက်သည့် သတိပေးချက်များ လက်ခံရရှိသည့်အခါ သင်၏ခွင့်ပြုချက်များကို အသစ်ပြင်ဆင်ရန် ရွေးချယ်နိုင်သည်။ သင်၏တည်နေရာကိုသိသည့်အက်ပ်စ်များကိုစီစဉ်ခြင်း ကိုကြည့်ပါ။
ဘက်ထရီသတင်းအချက်အလက် ရွေးချယ်စရာအသစ်တစ်ခုသည် သင့် iPhone အားပြည့်ရန်သွင်းရသည့်ကြာချိန်ကိုနည်းစေခြင်းဖြင့် ဘက်ထရီသက်တမ်းကုန်ဆုံးမှုနှုန်းကို နှေးစေရန် ကူညီပေးသည်။ ဘက်ထရီအားသွင်းခြင်းကို သင့်မြတ်အောင် ဆောင်ရွက်ခြင်း ကိုကြည့်ပါ။
iOS 13 အတွက်လှည့်ကွက်များကိုလေ့လာခြင်း Tips အက်ပ်သည်အကြံပြုချက်အသစ်များကို မကြာခဏဖြည့်ပေးသောကြောင့်သင်၏ iPhone မှအများဆုံးရရှိနိုင်သည်။ အကြံပြုချက်များရယူခြင်း ကို ကြည်ပါ။
မှတ်စု အင်္ဂါရပ်အသစ်များနှင့်အက်ပ်စ်များသည် သင့် iPhone အမျိုးအစား၊ ဒေသ၊ ဘာသာစကားနှင့်သင့်ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီပေါ်မူတည်ပြီးပြောင်းလဲနိုင်သည်။